Sign Up and send free SMS messages.

2 Factor Authentication (Verify API)

SMS Two Factor Authentication ဆိုတာဟာ အင်တာနက်အသုံးပြုသူ တစ်ီဥးဦးမှ Software ကနေဖြစ်စေ အင်တာနက် Website မှဖြစ်စေ လော့ခ်အင်ပြုလုပ်ရာတွင် ပိုမိုလုံခြုံစေရန်အတွက် လုံချုံရေးဆိုင်ရာ စစ်ဆေးသတ်မှတ်ချက်ဖြစ်ပါတယ်။ လူကြီးမင်းတို့ ပုံမှန်အသုံးပြုနေကျဖြစ်သော အသုံးပြုသူအမည်(username) နှင့် လျို့ဝှတ်အမှတ်အသား(password) တစ်ခုဖြင့်သာမကဘဲ အသုံးပြုသူ၏ ဖုန်းနံပါတ်ကို ချက်ချင်း လျို့ဝှတ်ကုဒ်နံပါတ်ကို ပေးပို့ပြီး ထပ်မံစစ်ဆေးခြင်းဖြစ်ပါတယ်။



ဒါကြောင့်မို့ အခြားသူတစ်ဦးဦးမှ မိမိအသုံးပြုနေသော အကောင့်နှင့် လုံခြုံရေးအမှတ်အသားကုဒ် နံပါတ်ရရှိထားသော်လည်း နောက်တစ်ဆင့်အနေဖြင့် ဖုန်းနံပတ်ကို ထပ်မံပြီး စီစစ်ပြီးမှသာ အသုံးပြုခွင့်ပေးထားသဖြင့် ပိုမိုကောင်းမွန်သော လုံခြုံရေးမူဝါဒကို ရရှိစေမှာဖြစ်ပါတယ်။ 2 Factor Authentication ကို ယနေ့အချိန်အခါတွင် ငွေကြေးဆိုင်ရာ အင်တာနက်အသုံးပြုသူများနှင့် ဘဏ်များတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

PIN နံပါတ်ဘယ်လိုအလုပ်လုပ်သလဲ

လူကြီးမင်းတို့၏ Website ကဖြစ်စေ Application တစ်ခုခုကဖြစ်စေ အသုံးပြုဝင်ရောက်ပါက နောက်တစ်ဆင့်အနေဖြင့် SMSPoh မှ နေတစ်ဆင့် မတူညီတဲ့ PIN နံပါတ်တွေကို အသုံးပြုသူတို့ရဲ့ ဖုန်းနံပါတ်ထဲကို ချက်ချင်းပေးပို့ပေးမှာဖြစ်ပါတယ်။ အသုံးပြုသူ၏ ဖုန်းတွင် ထိုပင်နံပါတ်ကို လက်ခံရရှိပါက ထိုပင်နှင့်အတူ ဖုန်းနံပါတ်ကို စစ်ဆေးလို့ ရမှာ ဖြစ်ပါတယ်။ PIN နံပါတ်တွေကို လူကြီးမင်းတို့၏ ဆာဗာမှာ Generate လုပ်စရာမလိုဘဲ SMSPoh တစ်နေရာထဲမှာဘဲ အကုန်လုံး အသုံးပြု စစ်ဆေး နိုင်မှာဖြစ်တဲ့အတွက် Serverless Applications တွေ Back-end ဆာဗာတွေနဲ့ အကျွမ်းတဝင်မရှိတဲ့ သူများမှာပင် အဆင်ပြေပြေ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

အခမဲ့ အသုံးပြုလိုက်ပါ

SMSPoh မှာ Verification API (2 Factor Authentication) ကို မည်သည့် Account မဆို Signup လုပ်ပြီး အခမဲ့ အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါတယ်။ နေ့စဉ်အလိုက် လစဉ်အလိုက် သက်ဆိုင်ရာ Verification Reporting တွေကိုလည်း Real-Time ကြည့်ခွင့်ရမှာ ဖြစ်ပါတယ်။ Verification API အတွက် အခမဲ့ အသုံးပြုပြီး မိမိအသုံးပြုတဲ့ SMS အတွက်တစ်ခုတည်းအတွက်သာ ကျသင့်မှာ ဖြစ်ပါတယ်။

ဆက်လက်သိရှိလေ့လာလိုပါက အောက်ပါလင့်ခ်တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်

https://smspoh.com/verify-api

Ref : https://smspoh.com/verify-api

Publish By: admin

Publish At: 2020-03-06 12:49:16
Blog Share On Facebook