Sign Up and send free SMS messages.

SMS Delivery Reporting (DLR Report)

DLR Reporting ဆိုတာဘာလဲ?

အရင်ဆုံး Status Delivery Reporting ဆိုတာလေးကို အနည်းငယ် ရှင်းပြချင်ပါတယ်။ DLR ဆိုတာ SMSC (Short Message Service Center) ကနေ ပို့လွှတ်လိုက်တဲ့ Message တွေရဲ့ တစ်ကယ့် Mobile Subscriber တွေဆီကို ရောက်မရောက်ဆိုတဲ့ Status Report ဘဲ ဖြစ်ပါတယ်။ အဲဒီမှာ အခြား Status တွေလည်း ရှိနိုင်ပါတယ်။ ဥပမာ (Delivered, Delivery Not Possible, Expired, Pending, etc...) Mobile Operator တစ်ခုနဲ့ တစ်ခု မတူနိုင်ပါဘူး။

ဘာ့ကြောင့် DLR Report က အရေးကြီးတာလဲ?

အကယ်၍ မိမိတို့ရဲ့ Business အတွက် SMS Service တစ်ခုခုကို သုံးတော့မယ်ဆိုရင် မိမိအသုံးပြုမည့် SMS Service Provider ဆီမှာ DLR Report မရှိခဲ့ရင် မိမိတို့ ပို့လွှတ်လိုက်တဲ့ Actual Message Status တွေ ကို မသိနိုင်တော့ပါဘူး။ တစ်နည်းအားဖြင့် SMS Service Provider တွေပြထားတဲ့ Status နဲ့ မိမိတို့အနေနဲ့ ကိုယ်ပို့လိုက်တဲ့ Subscribers တွေရဲ့ Actual Status ဟာ တူညီနိုင်မှာ မဟုတ်တော့ပါဘူး။ အကယ်၍ မိမိတို့ ပို့လွှတ်လိုက်တဲ့ Message ဟာ OTP (One Time Pass-code) လိုမျိုးဖြစ်ခဲ့ရင် တစ်ကယ့် Subscriber တွေဆီ ရောက်မရောက်ဟာ အရမ်း Critical ကျတဲ့ Process တစ်ခု ဖြစ်သွားပါတယ်။ အကယ်၍ မိမိတို့ လုပ်ငန်းက Marketing အတွက်သုံးတာမျိုးဖြစ်ခဲ့ရင် DLR Status Report ကို ကြည့်ပြီး မိမိပို့လွှတ်တဲ့ Subscribers တွေရဲ့ မည်မျှ လောက်ကို ရောက်ရှိပြိး ဘယ်မိုဘိုင်းနံပါတ်တွေကတော့ မရောက်နိုင်ဘူးဆိုတာမျိုးတွေကို အသေးစိတ် သိရှိနိုင်ပါတယ်။

DLR Report က ဘယ်လိုအလုပ်လုပ်သလဲ?

ပုံမှန်အားဖြင့် မိမိတို့ ပို့လွှတ်လိုက်တဲ့ Message ရဲ့ DLR Report ကို သိရှိနိုင်ရန်အတွက် စက္ကန့် အနည်းငယ်ကနေ ရက် ပိုင်းအနည်းငယ်အထိ ကြာမြင့်နိုင်ပါတယ်။ Highly Active ဖြစ်နေတဲ့ မိုဘိုင်းနံပတ်တွေအနေနဲ့ကတော့ ချက်ချင်း စက္ကန့် အနည်းငယ်အတွင်း သိရှိနိုင်ပြီးတော့ Network ထဲ မရှိတဲ့ နံပတ်တွေ (Out of Service Area) နဲ့ လတ်တလော ပိတ်နေတဲ့ ဖုန်းနံပါတ်များနဲ့ Memory Full ဖြစ်နေတဲ့ ဖုန်းတွေအနေနဲ့ကတော့ အချိန်အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ SMSC တွေက နေ Update လုပ်ပေးတဲ့ DLR Report တွေဟာ အမှန်တစ်ကယ် Mobile Users တွေဆီကို ရောက်မရောက်ဆိုတဲ့ အခြေအနေကို လုံးဝယုံကြည်စိတ်ချနိုင်ပါတယ်။

ကျွန်တော်တို့ SMSPoh ဟာ မြန်မာပြည်မှာ ရှိတဲ့ Telecom (SMSC) တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားပြီးတော့ Real-Time DLR Status Reporting ကိုပါ smspoh.com မှာ ကြည့်ရှုနိုင်ပါတယ်။ မိမိတို့ ပို့လွှတ်လိုက်တဲ့ ဘယ်နံပါတ်ကို မဆို Operator ကနေ Mobile Subscriber ဆီကို ရောက်မရောက်ဆိုတဲ့ Report ပါ ကြည့်ရှုနိုင်ပါတယ်။ SMSPoh မှာ မိတ်ဆွေတို့ရဲ့ Website ကို API ဒါမှမဟုတ် Notify URL လေးတစ်ခု ထည့်ထားခြင်းဖြင့်လည်း Delivery Report ကို အမြဲတမ်း ပို့ပေးနိုင်ပါတယ်။ မိတ်ဆွေတို့ ပို့လွှတ်လိုက်တဲ့ SMS Text Message တွေအနေနဲ့ ယာယီအားဖြင့် Sent အနေနဲ့ သိရှိနိုင်ပြီးတော့ စက္ကန့်အနည်းငယ်အတွင်းမှာဘဲ Handset ကို ရောက်မရောက် smspoh.com ရဲ့ Portal မှာ ဘဲ ဖြစ်စေ API ကနေဘဲ ဖြစ်စေ သိရှိနိုင်ပါတယ်။

Publish By: admin

Publish At: 2019-02-13 12:07:03
Blog Share On Facebook