Sign Up and send free SMS messages.

Sender ID (Brand Name) ဆိုတာဘာလဲ

Sender ID (Brand Name) ဆိုတာဘာလဲ


Sender ID ဆိုတာ SMS မက်ဆေ့ပို့လွှတ်လိုက်တဲ့သူဟာ ဘယ်သူလဲဆိုတာ လက်ခံရရှိတဲ့သူရဲ့ ဖုန်းမှာ သတ်မှတ်ပြသပေးတဲ့ အမည် သို့မဟုတ် နံပါတ်အတို တစ်ခုဖြစ်ပါတယ်။ ဒါဟာ လူကြီးမင်းတို့ရဲ့ အမှတ်တံဆိပ် သို့မဟုတ် ကုမ္ပဏီကို အခြားများပြားလှစွာသော အမျိုးတံဆိပ်များစွာနှင့် ကွဲပြားခြားနားစေရန် ဖြစ်ပါတယ်။ Sender ID တစ်ခုဟာ သင်၏ စားသုံးသူ ဖောက်သည်များနှင့် သင်၏ အမှတ်တံဆိပ်ကြားမှာ SMS Message သတင်းအချက်အလက်များ ပေးပို့ရန် အထူးအရေးပါတဲ့ အခန်းကဏ္ဏကနေ ပါဝင်နေပါတယ်။



SMSPoh - Sender ID or SMS Brand Name


ဘာလို့ Sender ID ရယူထားသင့်သလဲ


SMS Messages များပေးပို့ရာတွင် သင်၏ ကိုယ်ပိုင် Brand Name သို့မဟုတ် Company Name တစ်ခုခုဖြင့်သာ ပေးပို့သင့်ပါတယ်။ စားသုံးသူများအနေဖြင့် SMS Message လက်ခံရရှိပါက ပို့လွှတ်လိုက်သည့် Sender ID ကိုသိရှိပြီး ယုံကြည်မှု (TRUST) အပြည့်အ၀ ရရှိကာ မိမိတို့၏ Branding Reputation ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ လူကြီးမင်းတို့နှင့် မသက်ဆိုင်သည့် Sender ID များဖြင့် ပေးပို့ပါက လက်ခံရရှိသော မိမိ၏ စားသုံးသူများအနေဖြင့် ယုံကြည်မှုရှိရန် ခက်ခဲမှာဖြစ်ပါတယ်။ အကယ်၍ လူကြီးမင်းအနေနဲ့ ကိုယ်ပိုင် Sender ID အနေဖြင့် အသုံးမပြုလိုပါက မိမိတို့၏ ကုန်ပစ္စည်းနှင့် မသတ်ဆိုင်သော အမှတ်တံဆိပ် သို့မဟုတ် သံသယဖြစ်ဖွယ် Website လင့်ခ်များနှင့် ညစ်ညမ်းသော စာလုံးများအား အသုံးမပြုသင့်ပေ။ ထိုသို့လုပ်ဆောင်ပါက မိမိတို့၏ အမှတ်တံဆိပ်အတွက် ဂုဏ်သိက္ခာထိခိုက်စေမည့်အပြင် သက်ဆိုင်ရာ Telecom ကုမ္ပဏီများမှလည်း ထို မက်ဆေ့များကို ချက်ချင်းဖယ်ရှားသွားမှာဖြစ်ပါတယ်။



ဘယ်လို Sender ID လျှောက်ယူနိုင်မလဲ


မြန်မာပြည်အတွက် Sender ID ရယူရန် ပထမဆုံးအနေဖြင့် မဖြစ်မနေ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ Sender ID တစ်ခုလျှောက်ရန်အတွက် မိမိတို့၏ အမှတ်တံဆိပ်အတွက် အသုံးပြုရန် ထောက်ခံပေးသော လျှောက်လွှာတစ်ခုလိုအပ်မှာ ဖြစ်ပါတယ်။ စာလုံးရေ ၁၁ ထက်မပိုသော အမည်အသုံးပြု ရမှာဖြစ်ပြီး ရှည်လျားသော အမည်များထက် အတိုကောက်ဖြစ်ပြီး ကျစ်လစ်သော အမည်များကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ အကယ်၍ စာလုံးရေ ၆ လုံးထက်မပိုသော နာမည်ဖြစ်ပါက ပိုမိုကောင်းမွန်ပါတယ်။ Sender ID တစ်ခုတွင် English Character များသာ အသုံးပြုရမှာ ဖြစ်ပြီး Special Character များ (!, ?, $, #) အသုံးပြု ရမှာ မဟုတ်ပါဘူး။ Sender ID တစ်ခုလျှောက်ရန် အနည်းဆုံး တစ်ရက်မှ ၃ ရက်ထိ ကြာမြင့်နိုင်ပါတယ်။



SMSPoh မှာ မြန်မာပြည်အတွင်းရှိ သက်ဆိုင်ရာ Telco တိုင်းများဖြင့် ချိတ်ဆက်ကာ Telco တစ်ခုချင်းစီအတွက် လျှောက်ထားပေးပါတယ်။ ပြည်တွင်းရှိ မည်သည့်ကုပ္မဏီကိုမဆို အာမခံပြီး Sender ID ကို Telco တစ်ခုချင်းစီအတွက် လျှောက်ထားပေးလျက်ရှိပါတယ်။ ဆက်လက်သိရှိလိုပါ sales@smspoh.com သို့မဟုတ် 09781776110, 09405141144 ကို ဆက်သွယ်ကာ မေးမြန်းနိုင်ပါတယ်။



Publish By: admin

Publish At: 2020-01-15 16:49:37
Blog Share On Facebook