Sign Up and send free SMS messages.

ဘာဖြစ်လို့ SMS တွေ မထွက်ရတာလဲ ၊ SMS တွေ မထွက်ဘူးလို့ သံသယဖြစ်နေသလား

အကယ်၍ မိတ်ဆွေတို့ဟာ SMS Provider တစ်ခုခုနဲ့ အသုံးပြုနေပြီးတော့ သင့်ရဲ့ SMS တွေ မထွက်ဘူးလို့ သံသယ ရှိချင်ရှိပါလိမ့်မယ်။ အောက်ဖော်ပြတဲ့ အရေးကြီးတဲ့ အချက်တွေကို သိရှိပြီးတော့ နားလည်မယ်ဆိုရင်တော့ မိတ်ဆွေတို့ရဲ့ စီးပွားရေးအတွက် အများကြီး အထောက်အကူဖြစ်ပါလိမ့်မယ်။

ဈေးပေါတဲ့ SMS Vendor တွေကို အသုံးပြုမိခြင်း

Telecom ကုမ္ပဏီတွေရဲ့ Enterprise SMS နှုန်းထားတွေဟာ များသောအားဖြင့် ကြီးမြင့်နေတက်ကြပြီး အဲဒီအတွက် SMS Vendors တွေဟာ သူတို့ရဲ့ အမြတ်အစွန်းများကို ပိုမိုများပြားအောင် လုပ်ဆောင်နေတက်ပါတယ်။ ဥပမာအားဖြင့် Grey Route နဲ့ ဒါမှမဟုတ် SIM Boxes တွေဟာ SMS တွေကို အလွန်ပင်နည်းပါးလှတဲ့ နှုန်းထားများနဲ့ ပို့လွှတ်နိုင်ပါတယ်။ Sim Boxes ကနေ စီးပွားဖြစ် ပို့တဲ့ SMS တွေဟာ တရားမ၀င် ဖြစ်ပြီး တယ်လီကွန်း ကုမ္ပဏီတွေကလည်း ဒီလိုပို့လွှတ်တာကို ပိတ်ပင်တားမြစ်ထားပါတယ်။ မိမိတို့ရဲ့ SMS တွေဟာ စားသုံးသူ Customers တွေဆီကို မပို့ခဲ့ရင် မိမိ လက်ရှိ အသုံးပြုနေတဲ့ Vendor ရဲ့ တယ်လီကွန်းတွေနဲ့ ချိတ်ဆက်ထားမှုကို အရင်ဆုံးသိရှိထားရင် ပိုကောင်းမှာဘဲ ဖြစ်ပါတယ်။


တားမြစ် စာသားတွေ ပေးပို့ခြင်း

အချို့နိုင်ငံအသီးသီးမှာ အစိုးရကနေ တရားဝင် တားမြစ်ထားတဲ့ စာသားတွေ ရှိတက်ပါတယ်။ ဥပမာ တရုတ်ပြည်နဲ့ ဆော်ဒီ အာရေးဗျမှာ နိုင်ငံသားများကို သတ်မှတ်ထားတဲ့ စာသားတွေကို ဘဲ ပေးပို့ လက်ခံနိုင်တာ ဖြစ်ပါတယ်။ အဲဒီအပြင် Telecom အသီးသီးကိုယ်တိုင်ကလည်း အချို့ တားမြစ်ထားတဲ့ စာသားတွေကို စားသုံးသူအချင်းချင်း ပေးပို့ လက်ခံလို့ မရပါဘူး။ အဲဒီအတွက်ကိုယ်ပေးပို့လိုက်တဲ့ စာသားတွေထဲက စာလုံးလေး တစ်ခုဟာ သက်ဆိုင်တဲ့ Telecom ရဲ့ Policy နဲ့ ငြိစွန်းနေမယ်ဆိုရင် စားသုံးသူဆီကို ရောက်မှာ မဟုတ်တော့ပါဘူး။


ရှည်လျားတဲ့ Message စာသားများ ပို့လွှတ်ခြင်း

SMS တစ်စောင်မှာ ခွင့်ပြုထားတဲ့ စာသားအကန့်အသတ်ဟာ 7Bit Encoding မှာ စာလုံးရေ ၁၆၀ ထိ လက်ခံပြီး Unicode Encoding မှာ စာလုံးရေ 70 ထိ ပေးပို့နိုင်ပါတယ်။ အလွယ်ပြောရရင် အင်္ဂလိပ် စာလုံးဆိုရင် 160 ထိ ရေးလို့ရပြီး မြန်မာစာ နဲ့ဆိုရင် စာလုံးရေ 70 ထိဘဲ ရမှာပါ။ အဲဒီလို စာလုံးအရေအတွက်တစ်ခုကို Message Part အနေနဲ့ တစ်ခုသတ်မှတ်ပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လက်ခံတဲ့ Message Parts (SMS အစောင်) မတူညီကြပါဘူး။ အချို့နိုင်ငံတွေမှာတော့ တစ်ပြိုင်နက် ၁၀ စောင်လောက်ထိ ပို့လို့ရပေမဲ့ မရခဲ့ရင်လည်း မိမိတို့ရဲ့ SMS တွေ ထွက်မှာ မဟုတ်တော့ပါဘူး။ ရံဖန်ရံခါမှာတော့ မိမိပို့တဲ့ SMS စာသားတွေ ရှည်နေမယ်ဆိုရင်လည်း Message Part တစ်ခုချင်းအနေနဲ့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။


ပို့လွှတ်တဲ့ Brand Name (ပို့လွှတ်သူအမည်) အမည်မှားယွင်းခြင်း

အချို့ တယ်လီကွန်း ကုမ္ပဏီ များဟာ မိမိတို့၏ Network အတွင်းသို့ အခြား Operator များက ပို့လွှတ်လိုက်တဲ့ Brand Name တွေကို လက်ခံလေ့ မရှိကြပါဘူး။ ဒါ့ကြောင့် မိမိတို့ရဲ့ အသုံးပြုနေတဲ့ SMS Vendor ဟာ သက်ဆိုင်ရာ Telecom တွေ အသီးသီးမှာ မိမိတို့ရဲ့ Brand Name တရားဝင် ပို့လို့ရမရဆိုတာ သိရှိရန်လိုအပ်မှာ ဖြစ်ပါတယ်။


ဖုန်းနံပါတ် မှားယွင်းခြင်း

ရံဖန်ရံခါမှာ မိမိပို့လွှတ်လိုက်တဲ့ ဖုန်းနံပါတ်ရဲ့ Pattern မှန်ကန်သော်လည်း နံပါတ်ဟာ သက်ဆိုင်ရာ Telecom မှာ တပ်ဆင်ထားခြင်း မရှိဘူးဆိုရင်လည်း မိမိတို့ ပို့လိုက်တဲ့ Message ဟာ လက်ခံရရှိမှာ မဟုတ်ပါဘူး။


အခြားသော ဖြစ်နိုင်ခြေရှိသော အကြောင်းအရာများ

  • မိမိပို့လိုက်တဲ့ နံပါတ်ဟာ အကယ်၍ မိမိပို့လွှတ်တဲ့ အချိန်မှာ DND (Do Not Disturb) Mode ကို ဖွင့်ထားမယ် ၊ ဒါမှမဟုတ် မိမိတို့ရဲ့ ပို့လွှတ်တဲ့ နံပါတ် ၊ အမည်ကို Block (ပိတ်ထားမယ်) ဆိုရင်လည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး။
  • မိမိပို့လိုက်တဲ့ နံပါတ်ရဲ့ ဖုန်းဟာ သိုလှောင်မှု စွမ်းရည် (Storage Capacity) မကျန်တော့ ရင်လည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး။
  • မိမိပို့လိုက်တဲ့ နံပါတ်ရဲ့ ဖုန်းဟာ လက်တလောမှာ ဆက်သွယ်မှု ဧရိယာ ပြင်ပမှာ ရောက်ရှိနေရင် ဒါမှမဟုတ် ဖုန်းရဲ့ ပါဝါ ပိတ်နေခဲ့မယ်ဆိုရင်လည်း လက်တလော လက်ခံရရှိုနိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ SMSPoh ဟာ မြန်မာပြည်မှာရှိတဲ့ Telecom ကြီးများနဲ့ ချိတ်ဆက်လုပ်ကိုင်လျက်ရှိပြီး သက်ဆိုင်ရာ Telecom အသီးသီးရဲ့ Messages တွေကို တူညီတဲ့ Telecom တွေကိုသာ ပို့ဆောင်ပေးလျက်ရှိပါတယ်။ မိတ်ဆွေတို့အနေနဲ့ မည်သည့်စာသားကို မဆိုပေးပို့နိုင်ပြီး ဖုန်းနံပါတ်မှန်ကန်ပါက စာလုံးရေ အကန့်အသတ်မရှိ ပေးပို့နိုင်ပါတယ်။ Brand Name(မိမိ၏ ထုတ်ကုန်) အနေဖြင့်လည်း MPT, MYTEL, Ooredoo နဲ့ Telenor လေးခုစလုံး ရရှိနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ လတ်တလောမှာ မိမိတို့ ပို့လွှတ်လိုက်တဲ့ နံပါတ်တွေဟာ ယာယီအားဖြင့် မပို့နိုင်သေးသော်လည်း ထိုဖုန်းနံပါတ်များမှာ ပြန်ပြီး Network ဧရိယာထဲ ပြန်ရောက်လာပါက ချက်ချင်းပို့ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ ရှိတဲ့ Telecoms ကြီးများဖြင့် တိုက်ရိုက်လုပ်ကိုင်လျက်ရှိတဲ့ SMSPoh အား မိတ်ဆွေတို့၏ စီးပွားရေးလုပ်ငန်းများနှင့် စိတ်ချယုံကြည်စွာ လုပ်ကိုင်နိုင်ပါတယ်ခင်ဗျာ။ မိမိတို့၏ Website www.smspoh.com မှာ ပိုမိုသိရှိရန် လေ့လာနိုင်ပြီး ဖုန်း 0930928025 ကို ဖုန်းခေါ်ဆိုပြီး တိုက်ရိုက် သိရှိလိုသည်များကို မေးမြန်းနိုင်ကြပါတယ်ခင်ဗျာ။

Publish By: smspoh_admin

Publish At: 2019-03-06 20:07:14
Blog Share On Facebook